ငှားရမ်းအသုံးပြုခြင်းဆိုင်ရာ သုံးစွဲသူမှ သိရှိစေရန်အချက်များနှင့် စည်းကမ်းချက်များ
၁။ အခမဲ့ စက်ပစ္စည်းငှားရမ်းခြင်း
Fast Speed အင်တာနက် အသုံးပြုသူများအတွက် တပ်ဆင်ပေးသော WiFi Router / CPE သည် အင်တာနက် သုံးစွဲနေသည့် ကာလပတ်လုံး လုံးဝ (အခမဲ့) ငှားရမ်းပေးထားခြင်း ဖြစ်ပါသည်။
၂။ အနည်းဆုံး သုံးစွဲရမည့် သက်တမ်း (Contract Period)
စက်တပ်ဆင်သည့်နေ့မှစ၍ အနည်းဆုံး (၈) လ တိတိ မပြတ်မကွက် သုံးစွဲပေးရန် လိုအပ်ပါသည်။ ယင်းကာလမပြည့်မီ သုံးစွဲသူဘက်မှ ဆက်လက်သုံးစွဲခြင်းမရှိဘဲ ရပ်ဆိုင်းလိုပါက ကနဦး စိုက်ထုတ်ထားရသော တပ်ဆင်ခနှင့် စက်ပစ္စည်း ကုန်ကျစရိတ်တန်ဖိုးအတိုင်း Fast Speed ကုမ္ပဏီသို့ ပြန်လည်ပေးသွင်းရမည် ဖြစ်သည်။
၃။ နေရာရွှေ့ပြောင်းခြင်း (Relocation)
သုံးစွဲသူမှ တပ်ဆင်ထားသည့် မူလနေရာမှ အခြားနေရာသို့ ပြောင်းရွှေ့တပ်ဆင်လိုပါက နေရာပြောင်းရွှေ့ခ ၆၀,၀၀၀ ကျပ် ပေးဆောင်ရမည် ဖြစ်သည်။ (ပြောင်းရွှေ့လိုသည့်နေရာတွင် Fast Speed Coverage Area ရှိမရှိကို ကြိုတင် စစ်ဆေးရပါမည်။)
၄။ ဝန်ဆောင်မှုနှင့် လိုင်းပြင်ဆင်ချိန် (Service Level Agreement)
လိုင်းအဆင်မပြေမှုများကို အကြောင်းကြားပြီး (၄၈) နာရီအတွင်း အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ အကယ်၍ ပြုပြင်ချိန် Service Time (၄၈) နာရီထက် ကျော်လွန်ပြီး ကြန့်ကြာမှုများရှိပါက (၄၈) နာရီနောက်ပိုင်း အင်တာနက် ပြတ်တောက်နေသော ရက်များအတွက် လစဉ်ကြေး (Bill) ပေးဆောင်ရာတွင် ရက်အစားထိုးခြင်း (သို့မဟုတ်) ဘေလ်ပြန်လည်နုတ်ပေးခြင်း အစီအစဉ်များဖြင့် အပြည့်အဝ ပြန်လည်အစားထိုး ပေါင်းထည့်ပေးသွားမည် ဖြစ်သည်။
၅။ လစဉ်ကြေးပေးဆောင်ခြင်းနှင့် ငွေပေးချေမှုစနစ် (Billing Policy)
- Invoice ပေးပို့ခြင်း: Billing Department မှ သုံးစွဲသူလူကြီးမင်းတို့ ပေးဆောင်ရမည့် လစဉ်ကြေး ငွေတောင်းခံလွှာ (Invoice) ကို SMS / Viber Message / Email / Phone Call များဖြင့် ကြိုတင်အကြောင်းကြားပေးမည်ဖြစ်ပြီး သတ်မှတ်ရက် မတိုင်မီ ပေးဆောင်ရမည် ဖြစ်သည်။
- ငွေပေးချေနိုင်သည့်စနစ်များ: လစဉ်ကြေးပေးဆောင်ရာတွင် Invoice ပေါ်တွင် ဖော်ပြပါရှိသော Bank Accounts များနှင့် KBZ Pay (Quick Pay), Wave Pay, AYA Pay, UAB Pay တို့တွင်လည်း လွယ်ကူစွာ ပေးဆောင်နိုင်ပါသည်။
- ဘေလ်အတည်ပြုခြင်း: ဘေလ်ပေးဆောင်ပြီးပါက ဘဏ်စလစ် သို့မဟုတ် Screenshot နှင့်အတူ မိမိတို့၏ Customer ID / အမည် ကို Billing Department (Office hours) သို့မဟုတ် ၂၄ နာရီပတ်လုံး ဖွင့်လှစ်ထားသော Customer Care Viber သို့ ပေးပို့ရပါမည်။
- လိုင်းယာယီပိတ်ခြင်း: လစဉ်ကြေး ဘေလ်ပေးဆောင်ရန် သတ်မှတ်ရက် ကျော်လွန်ပါက Billing System မှ အင်တာနက်ဝန်ဆောင်မှုကို ယာယီရပ်ဆိုင်း (Block) သွားမည် ဖြစ်သည်။
၆။ ဝန်ဆောင်မှု ရပ်စဲခြင်း (Termination)
Fast Speed အင်တာနက် အသုံးပြုခြင်းအား လုံးဝရပ်ဆိုင်းလိုပါက Customer Care ဖုန်းနံပါတ်များသို့ ကြိုတင်အကြောင်းကြား ရပါမည်။ သုံးစွဲသူဘက်မှ ဝန်ဆောင်မှုစာချုပ်ပါအတိုင်း ပေးရန်/ရရန်ရှိသည်များကို ရှင်းလင်းပြီးနောက်၊ ငှားရမ်းထားသော WiFi Router / CPE အား မူလအသုံးပြုနိုင်သည့် ကောင်းမွန်သောအခြေအနေအတိုင်း Fast Speed သို့ ပြန်လည်အပ်နှံပေးရမည်။
၇။ သုံးစွဲသူကြောင့် ဖြစ်ပေါ်သော ပျက်စီးမှုများ (Damage & Maintenance)
သုံးစွဲသူဘက်မှ WiFi Router / CPE ကို မူလနေရာမှ မိမိသဘောဖြင့် ပြောင်းရွှေ့ခြင်း၊ အိမ်တွင်း လျှပ်စစ်ဝါယာရှော့ဖြစ်ခြင်း၊ ပါဝါကြိုးလောင်ကျွမ်းခြင်း စသည့် သုံးစွဲသူ၏ ပေါ့ဆမှုကြောင့် ဖြစ်ပေါ်လာသော စက်ပစ္စည်းပျက်စီးမှုများနှင့် လိုင်းအဆင်မပြေမှုများအတွက် အခြေအနေပေါ်မူတည်၍ စက်ပစ္စည်းတန်ဖိုးနှင့် ဝန်ဆောင်ခ (Service Fee) အား သုံးစွဲသူဘက်မှ ထပ်မံပေးဆောင်ရမည်။